ဂွမြို့နယ်တွင် နယ်မြေခံတပ်ရင်းများမှ စာကြည့်တိုက်တာဝန်ခံများအား အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်ပို့ချ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နယ်မြေခံတပ်ရင်း (၂) ရင်းမှ စာကြည့်တိုက် တာဝန်ခံများအား စာကြည့်တိုက်လုပ်ငန်း စွမ်းဆောင်ရည်များ မြင့်မားစေရန် ရည်ရွယ်၍ စက်တင်ဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။