ရခိုင်ပြည်နယ်

မြေပုံမြို့၌စားသုံးသူရေးရာဦးစီးဌာနမှ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့နေ့လယ်(၁၂) နာရီအချိန်က ကျင်းပပြုလုပ်သည်။

မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၃၀၀)ကျပ်နှုန်းဖြင့် လက်လီ  ရောင်းချပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက်(၈) နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မြောက်ဦးမြို့၌ ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များများအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

 ရသေ့တောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမ်းမူလတန်းကြိုကျောင်းမှ ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)အား ထိုးနှံပေးလျက်ရှိသည်။

တောင်ပြိုလက်ဝဲမြို့၌ ကျောင်းအခြေပြု သား အိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌  ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းကိုအသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်းကလေးများအား ယနေ့နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက် ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

သံတွဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌စတုတ္ထမြောက် အများဆုံးဖြစ်ပြီး အသက်ဆုံးရှုံးမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ကျောင်းအခြေပြုအဖြစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍  သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသူ အမှတ်(၇)ရပ်ကွက် မြတောင်ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ် ၌စုရပ်ထားရှိကာ ယမန်နေ့ညနေပိုင်းက ပြည်သူများသို့စားသုံးဆီများ ဆက်လက်ရောင်း ချပေးခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စီမံကိန်း (RBF) ကျေးရွာအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်နှင့် တာဝန်ခံဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေစီမံကိန်း (RBF) ကျေးရွာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်