ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိ၊ မီးသတိရှိစေရေး အသိပညာပေးဟောပြော
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့မွန်းလွဲ ၂ နာရီက တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက် (ယာယီနေရပ်စွန့်ခွာသူများစခန်း) သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။