မွန်ပြည်နယ်

ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများပြုလုပ်‌ပေးပြီး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ ဝါးတော၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် စက်တင်ဘာ(၁၂) ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှု သင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  စက်တင်ဘာ (၁၂)ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၃၀၀) ထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်လှုံကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကိုယနေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

သထုံမြို့၌ (၁၀၂) နှစ်မြောက်အမျိုးသား‌အောင်ပွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ (၁၀၂) နှစ်မြောက်အမျိုးသား‌အောင်ပွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့၊ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အမက (ဘင်လှိုင်အောက်) ကျောင်း၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲတို့ကို ပြုလုပ်ပေးခဲ့ကြသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်နှင့် စာသုံးသူရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ် သမဝါယမ ဦးစီးဌာန၊ မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးသင်တန်းကျောင်းမှ အမှုထမ်းများ အခြေခံ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းဆင်းပွဲတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်နှင့် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်သမဝါယမ အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အမှုထမ်းများ အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်းမှအမှုထမ်းများ အခြေခံ ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  ပြည်နယ် သမဝါယမရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက မုဒုံမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။

မွန်ပြည်နယ်၀န်ကြီးချုပ် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြးပေးနိုင်ရန် ရည်ရွယ်၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ခန်းမတွင် ဖွင့်လှစ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်