မွန်ပြည်နယ်

မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း) ကျေးရွာအတွင်းရှိ “မေတ္တာလမ်း” ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က လမ်းအဝင်မုဒ်ဦး၌ ကျင်းပသည်။

ပေါင်မြို့နယ် ကြက်ခြေနီနှင့် အ-ထ-က ပေါင်ကြက်ခြေနီအသင်းခွဲငယ်တို့ပူးပေါင်းဖွင့်လှစ်သော ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကြက်ခြေနီနှင့် အ-ထ-က ပေါင်ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အ-ထ-ကပေါင် ရွှေတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက မော်လမြိုင် အစိုးရနည်းပညာအထက်တန်းကျောင်း၀န်းအတွင်းရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့်လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအင်အား ၄၀၀ ကျော်မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေတို့အား ကြည့်ရှု စစ်ဆေး

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် တရားလွှတ်တော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်‌နေသည့် မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေအား မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက ယနေ့ နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

မုဒုံမြို့၌ လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်ဌာန(၂၂)ဌာနတို့အား လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့၊ အထက (ကန်သာယာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အထက (ကန်သာယာ)ကျောင်း ၊ မဟော်သဓာ ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘော်လုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်  မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်( ၂၅ )နှစ်အောက်  အမျိုးသမီး ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ကျွန်းသာခန်းမတွင် ကျင်းပပြုလုပ်ရာ ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကြည်ဝေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများတက်ရောက်ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော်သည့် အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော်သည့် အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း- မော်လမြိုင်ဘူတာကြီး၌ ရထားခရီးစဉ်ပြေးဆွဲ ဆောင်ရွက်နေမှုအခြေအနေနှင့် မော်လမြိုင်အဝေးပြေးကားဝင်းတိုးချဲ့မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
Subscribe to မွန်ပြည်နယ်