နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များ ရရှိတော်မူခဲ့သော အောင်ဆန်းဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ သထုံမြို့၊ နန္ဒဝန်ကျောင်းတိုက်၌ ကျင်းပ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယခုနှစ်အတွက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇနှင့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည့် ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်က သထုံမြို့၊ နန္ဒဝန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။