မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်ရှိ​ ကျေးရွာ(၃)ရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည် ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်း ချပြရှင်းလင်းခြင်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအသားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ စီးပွားရေးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်း ချပြရှင်းလင်းခြင်းကို ယမန်နေ့က (စိုက်ပျိုးရေး၊ မွေး/ကု၊ ကျေး/လက်) ဦးစီးဌာနမှ တာဝန်ရှိသူများသည် (ကမာကေး၊ ခရိုက်ဒူး၊ ခရိုက်နှိးဟု) ကျေးရွာများသို့ ကွင်းဆင်းခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အ​ခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အမှတ် (၆) အ​ခြေခံပညာအထက်​ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်နေမှု အားကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် တောင်ရိုးတန်း (View Point) လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်၊ ကုန်းလမ်းပို့ဆောင်ရေး၊ မီးသတ်၊ လဝက၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို နို၀င်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များ အရောင်းသွက်

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များကို မိရိုးဖလာ လက်မှုလုပ်ငန်းအဖြစ် အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ကြောင်း သိရသည်။

မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ဝန်ကြီးချူပ်ဖလား(၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘောလီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်အလွတ်တန်း အမျိုးသားဘောလီဘော​ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်က မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် များတက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေး ဟောပြောခြင်း စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ စာအုပ်စာပေများနှင့် နံရံကပ်စာစောင်ပြသခြင်း တို့ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ကဒါရပ်ကွက် (ကဒါဈေး)အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကန်ကြီးကျောင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ် ချောင်းဆုံအရှေ့ရပ်ကွက် ကျွန်းသာယာခမ်းမ၌ တီဘီရောဂါလူနာရှာ ဖွေကုသရေးအခမဲ့ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် တီဘီရောဂါလူနာရှာဖွေရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်က ကွင်းဆင်းကုသခဲ့သည်။

ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက် ဆောင်ရွက်ခဲ့ကြသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်