ကျိုက်မရောမြို့နယ်၌ လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော လယ်/ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားများအားတွေ့ဆုံ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့်တာဝန်ရှိသူ များက နိုင်ငံတော်ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော ကျိုက်မရောမြို့နယ်နတ်စမ်းစံပြကျေးရွာရှိ အာရုဏ်ဦး လယ်/ ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားအားတွေ့ဆုံပွဲကို ယမန်နေ့က ကျိုက်မရောမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။