ကျိုက်မရော ဇန်နဝါရီ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့်တာဝန်ရှိသူ များက နိုင်ငံတော်ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော ကျိုက်မရောမြို့နယ်နတ်စမ်းစံပြကျေးရွာရှိ အာရုဏ်ဦး လယ်/ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားအားတွေ့ဆုံပွဲကို ယမန်နေ့က ကျိုက်မရောမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သမဝါယမဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လယ်/ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားတစ်ဦးတို့အား လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအား သတ်မှတ်လျာထားချက်နှင့်အညီ ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)