မော်လမြိုင် တက္ကသိုလ်၌ လှယဉ်ကျေးမယ်နှင့် ရိုးရာဝတ်စုံဖက်ရှင်ပြိုင်ပွဲ အခမ်းအနားပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ ကြီးမှူးကျင်းပသော လှယဉ်ကျေးမယ်နှင့် ရိုးရာဝတ်စုံဖက်ရှင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။