မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁) ခု တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
မွန်ပြည်နယ်မုဒုံမြို့အနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်း(၁)တည်ဆောက်နိုင်ရေးနှင့် စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မုဒုံမြို့နယ်အနီးရှိ ယခင်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် လျာထားသည့် မြေဧရိယာ(၃၉၂.၇၅)ဧကတွင် TMS Holdings Co.,Ltd မှ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုအား BOT စနစ်ဖြင့် တည်ဆောက်ခွင့်ပြုနိုင်ရေး အဆိုပြုတင်ပြထားသည့်ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊