မွန်ပြည်နယ်တွင် စာသင်ကျောင်း အခြေပြုမျက်စိအမြင်အာရုံ အားနည်းမှုရှိသော ကျောင်းသား/ သူများအား မျက်မှန်ပံ့ပိုးပေးခြင်း အခမ်းအနားကျင်းပ
မွန်ပြည်နယ်တွင် ကျောင်းသား/ သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကျောင်းအခြေပြုမျက်စိအမြင်အာရုံ အားနည်းမှုရှိသော ကျောင်းသား/ သူများအား မျက်မှန်ပံ့ပိုးပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။