မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

မုဒုံမြို့၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များအားဖြည့်ပြင် ဆင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် နေအိမ်များ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန်အတွက် အိုးအိမ်များအားဖြည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက်နေ့က စတင်ဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံနေမှု ကြည့်ရှုအားပေး

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  နာတာရှည်ရောဂါအခံရှိသူများ၊  ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ မော်လမြိုင်ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

မုဒုံမြို့နယ် ကော့လှကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက် ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကော့လှကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားကို တည်ဆောက်ခဲ့ရာ ယခုအခါ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း သာမညစကြာတောင် ဆရာတော် ဘဒ္ဒန္တသောဘန” အား ဖူးမြှော်ကြည်ညို၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ သာမညစကြာတောင် ဝိသုံဂါမ သိမ်သမုတ်မင်္ဂလာနှင့် သာမညမိုးကုတ် သာမညစင်္ကြာတောင် ဆရာတော်၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားသို့တက်ရောက်ပြီး  ရှေးဦးစွာ ဆုတောင်းပြည့်စကြာအေး မိုးပျံပဋ္ဌမံပြဒါးရှင်ကိုးနဝင်း ဓာတုစေတီတော်အားဖူး‌မြှော်ကြည်ညို၍ သာမညစကြာတောင်  ဆရာတော်အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ သာသနာပြုနယ်လှည့်ဓမ္မကထိက  ‘’ဘဒ္ဒန္တသောဘန”အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့သည်။

သထုံမြို့၊ မြသပိတ်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ပေါ်ရှိ မြသပိတ်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေး အလှူတော်ငွေများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  နန်းခဲရပ်ကွက်၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး ပြုပြင်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ခရိုက်နှီးဟုကျေးရွာတွင်  နေအိမ်ပြုပြင်ရေးလုပ်ငန်းများနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ် ကျိုက်ကာကျေးရွာတွင် ကတ္တရာလမ်းခင်းခြင်းနှင့် Slab Culvert (၃)စင်း တည်ဆောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျိုက်ကာကျေးရွာ ရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် Slab Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ချောင်းဆုံမြို့နယ် ကမာကေး (အ.ထ.က) ကျောင်းတွင် “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီက ကမာကေး(အထက)ကျောင်း ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၄ ခုနှစ်၊ နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်