ရိုးဂိုးကျေးရွာတွင် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၂၀၀) ဧက ဖော်ထုတ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဧက -၂၀၀ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။