ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတက်ရောက်
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီ ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် စစ်ခရာအဖွဲ့မှ ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။