မွန်ပြည်နယ်

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ပဏ္ဍိတာရုံကျောင်းတိုက်ဆရာတော်ကြီးအား ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင်အဖြစ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ပဏ္ဍိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် သာသနဓဇသိရီပဝရဓမ္မာစရိယ ဝိနယပါဠိပါရဂူ BA ဘဒ္ဒန္တပညိန္ဒမဟာထေရ်မြတ်ကြီးအား ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမ(၁၅)ကြိမ်မြောက် ဂဏာဓိပတိ (သမုတိသာသနာပိုင်) အဖြစ် ဘွဲ့‌တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းတိုက် ဓမ္မရတနာဃရ‌ကျောင်း‌တော်၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်၊ ကဒုံစီးတိုက်ကျောင်းဘုန်တော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။

ကျိုက်မရော၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီကျောင်းပိတ်ရက်ရှည်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ရေသန့်ဘူးများ လှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် သောက်ရေသန့်ဘူးများ ဝေငှခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ကန်ကြီးစေတီတော်ရှေ့ လူစည်ကားရာမီးပွိုင့်၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပန်းဖြေစခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် မွန်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/သူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလန် ၃၄၆၀၀ လှူဒါန်း

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလန် ၃၄၆၀၀ ကို မော်လမြိုင်မြို့နယ်ရှိ ရေရှားပါးသည့် နေရာများတွင် လှူဒါန်းခဲ့ကြောင်း၊ သိရသည်။

သံဖြူဇရပ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် က‌လေးများအား ကာကွယ်‌ဆေးထိုးနှံတိုက်‌ကျွေးခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးခြင်း အခမ်းအနားကို ယမန်နေ့က အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလံ (၁၀၀၀၀) လှူဒါန်းမှု ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလံ (၁၀၀၀၀)ကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရှိ ရေရှားပါးသည့်နေရာများတွင် လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပေါင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်