မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေရှားပါးကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မေလ (၇) ရက်နေ့က ကွမ်သဲကျေးရွာနှင့် ဘိုးနက်ကျေးရွာတို့တွင် သောက်သုံးရေ (၆၄၀၀) ဂါလန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် လူငယ်​၊ လူရွယ်လေးများအ​နေဖြင့် အားကစားနည်းများကို အခြေခံကျနားလည်တတ်​မြောက်​စေရန်နှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့၊ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ နှစ်(၁၅၀)ပြည့် ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ‌ပေးခြင်း ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက သထုံမြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ်(၁၃)ခုတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် လူငယ်ရေးရာကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လူငယ်ရေးရာ ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရော၌ အာဟာရပြည့်ပိန်းဥပင်များ စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နောင်လုံကွင်း၌ လယ်မြေများတွင် စားသောက်ကုန်သီးနှံများအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ အာဟာရပြည့်ပိန်းဥပင်များကို စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိ၍ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်  ကမာဝက်မြို့ အောင်တော်မူကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသီလဝန္တ၏ ဝိဇာတမင်္ဂလာအခမ်းအနားနှင့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ အောင်တော်မူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝန္တ၏ သက်တော် ၅၀ နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားနှင့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ၊  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်သည်။

မုဒုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ်(၈)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဥ်(၂၄)ဖွင့်ပွဲအခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၈)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဥ်(၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ဖွင့်လှစ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

၂၀၂၄ခုနှစ်၊ မေလ ၅ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်