မွန်ပြည်နယ်

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

စာပေမြင့်မှ လူမျိုးတင့်မည်ဟူသည့်အတိုင်း ကျောင်းသားလူငယ်များစာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ စာပေဗဟုသုတဖြင့် ပြည့်စုံသူများဖြစ်လာစေရန်အတွက် မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၁၄) ကြိမ်မြောက်၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

၂၀၂၄ ခုနှစ်၊ (၁၄) ကြိမ်မြောက်၊ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး ဆရာတော်သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများကို လစ်ဟာမှုမရှိစေဘဲ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများအား (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီက ခရိုက်သစ် (အ.မ.က) ကျောင်းတွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ပြိုင်ပွဲပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက (အ.မ.က)ထားဝယ်လမ်းကျောင်း၌ ပြုလုပ်သည်။

မော်လမြိုင်မြို့ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များစုပေါင်းသန့်ရှင်းပွဲ ကျင်းပ

မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသံလွင်မြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ပလပ်စတစ်စွန့်ပစ်အမှိုက်များ ပင်လယ်အတွင်း မျောပါမှုမရှိစေရေးအတွက် စုပေါင်းရှင်းလင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်(အ.ထ.က)ကော့ကရင်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကော့ကရင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်၊ လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၏ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ စာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ယနေ့နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်း‌ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) ဘဲရမ်းကျေးရွာစာသင်ကျောင်း၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ(၁/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ကလေး၊ သူငယ်တွေတိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေး၊ အခွင့်အရေးတွေရရှိစေရေး၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးနိုင်ရေးကို ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကော်မတီအနေနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေမှုဆိုသည့် စိန်ခေါ်မှုများမှာ ကလေးအလုပ်သမားအရေးကိစ္စဟာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် ပြည်နယ်အတွင်းရှိ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများမှာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ဖို့ အလေးထားကြပ်မတ်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
Subscribe to မွန်ပြည်နယ်