မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်းတို့က ဦးသာညှင်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပတ်ဖျန်းခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဖံဖကျေးရွာအုပ်စု၊ ကော့ကဒဲ့ကုန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အကောင်အထည်ဖေါ်ဆောင်ရွက်သည့် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါလမ်းသစ်၌ ပြုလုပ်ကျင်းပရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရသေ့တောင်မြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဝင်များ တက်ရောက်သည်။

ချောင်းဆုံမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၁၂)ရက်နေ့က မုဒွန်း(အ.ထ.က)ကျောင်းတွင် ဒေသခံများနှင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.မ.က (အဲမွန်ဒယာ) စာသင်ကျောင်း၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်