မွန်ပြည်နယ်

သထုံမြို့(ရှမ်းစု) အခြေခံပညာမူလတန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ(ရှမ်းစု)အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပလိုင်ဝမ် (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူ (၅၃၉) ဦးအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက်‌ ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချထားပေးသည့် ရေဘေးသင့်ပြည်သူ (၅၃၉) ဦးအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ် အမှတ် (၁) ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်

မွန်ပြည်နယ် ပေါင်မြို့နယ်၌ အမှတ် (၁) ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက (အ.ထ.က) ပေါင် ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ (စိန်ကုန်း) အခြေခံပညာမူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်‌ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများ ဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သဖြူဇရပ်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချခြင်း ရှိ/မရှိအား မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မြမာလာကျေးရွာရှိ အစားအသောက်အရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီရောဂါ ရှာဖွေကုသပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ရဟန်းရှင်လူပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီ ရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ဘောဂနာအရှေ့ပိုင်းဓမ္မာရုံ၌ စစ်ဆေးကုသပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်