သံဖြူဇရပ်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများ ဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ် စက်တင်ဘာ ၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချခြင်း ရှိ/မရှိအား မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မြမာလာကျေးရွာရှိ အစားအသောက်အရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ပန်းရိပ်အောင်နှင့် ဝန်ထမ်းများ မြမာလာကျေးရွာရှိ အစာအသောက်ဆိုင်များအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်အစားအစာများ ရောင်းချခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြ‌သည်။

အဆိုပါကွင်းဆင်းစစ်‌ဆေးခြင်းကို ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)