မွန်ပြည်နယ်

မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ဒီဇင်ဘာ လူထုအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

လူထုအားကစားလှုပ်ရှားဆောင်ရွက်မှုတွင် ငွေကုန်ကျမှုအနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် စုပေါင်းလမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများ မပါဝင်သော အားကစားလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများအင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်တွင် နေကြာသီးနှံမျိုးစေ့ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာများဖြင့် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန် ရည်ရွယ်၍ နေကြာသီးနှံမျိုးစေ့ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာများဖြင့် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကုလားဘီကျေးရွာ ဦးပိုင်အမှတ် (၄၂/၁)၊ ကွင်းအမှတ် (၇၈၄) တွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် မော်လမြိုင်အချုပ်ထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင်တရားသူကြီးနှင့် မော်လမြိုင် မြို့နယ်တရားသူကြီးတို့လိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ်ရှိ Gas အရောင်းဆိုင်ရာများအား မီးဘေးလုံခြုံရေး စစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ (၁၂)ရက်နေ့က မြို့နယ်အတွင်းရှိ Gas အရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂ဝ၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၊ နောင်ဘို(အမက)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက နောင်ဘိုကျေးရွာရှိ အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မုဒုံမြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်အဆောက်အဦအသစ်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်/ ဘဲရမ်းကျေးရွာများ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ချောင်းဆုံမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ဓါတ်ပုံပြပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သိရှိနားလည်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်နေ့နံနက် (၁၀) နာရီက ကုလားဘီ-ရွာမ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်