ချောင်းဆုံမြို့နယ်၌ ကျောင်းအခြေပြုတီဘီရောဂါလူနာရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများမှ တီဘီရောဂါ လူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ (၁၆)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။