မွန်ပြည်နယ်

မုဒုံမြို့နယ်တွင် ဆောင်းနေကြာ ၅၀၀ ဧကကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံမှုရရှိစေရန် ဆောင်းနေကြာ စိုက်ပျိုးမှုအနေဖြင့် (၃)နှစ် စီမံကိန်းဖော်ဆောင်ထားရှိပြီး ယခုချိန်တွင် (၅၀၀)ဧက ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနား တက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။

မုဒုံမြို့၌ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါလူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က အ.ထ.က(၂)ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့ သရုပ်ပြသခြင်းဆောင်ရွက်

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာစျေးရှေ့၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်က‌ လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို အောက်ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက် (၉) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ရာ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ ဒေသအလိုက် OROP ဒေသတစ်ခု ထုတ်ကုန်တစ်ခုအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊

ပေါင်မြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါလူနာရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ  ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ လူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို  ယမန်နေ့မှစတင်၍ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းလုပ်ငန်းကို ယမန်နေ့က အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်