မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာရှိ အဆင့်မြင့် (စနစ်တကျ)လယ်ယာမြေ(၂၀၀)ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝမြေဩဇာများပေးအပ်ပွဲတက်ရောက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် စနစ်တကျ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်ပေးလျက် ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ယနေ့နံနက်(၈)နာရီက မုရစ်ကြီး(က)ကွင်း၊ကွင်းအမှတ် ၇၁၃(က)ကွင်းနှင့် သရောကွင်း ၇၁၅ တို့ရှိ အဆင့်မြင့်လယ်ယာမြေဧက(၂၀၀)အား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝ မြေဩဇာပေးအပ်ပွဲ အခမ်းအနား တက်ရောက်ခဲ့ကြကြောင်း သိရသည်။