မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီမှ ပေးပို့လာသည့် လူဦးရေစာရင်းများ မှန်ကန်စေရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်း(စတုတ္ထမူကြမ်း)အား Hard Copy ထုတ်၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကူညီရေးဆောင်ရွက်ပေးရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။