မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားတို့ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားတို့ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီများ ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။