မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ
မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းစိတ်ဓာတ်ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ ပြည်နယ်မီးသတ်ဦးစီးဌာန၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြည်နယ်မီးသတ်ဦးစီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။