မွန်ပြည်နယ်

ပေါင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှဦးဆောင်၍ ၂၀၂၅ ခုနစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် သမဝါယမဦးစီးဌာန၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူများအား အထွက်တိုးမျိုးစပါးများ ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်သမဝါယမအသင်းစုမှ ယခုနှစ်မိုးစပါးစိုက်ရာသီ၌ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူများထံ အထွက်တိုးမျိုးစပါးများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်း ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညို

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်းသို့ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့် ကော့တာတောရကျောင်း ဆရာတော်ဘဒ္ဒန္တတေဇမထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။

မုဒုံမြို့၌ မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေး တောင်သူပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီစပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းစခန်းဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိရာ မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင်​ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း​ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်​စေ​ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ​အောင်သာယာရပ်ကွက်တွင်​ ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) စနစ် စိုက်ပျိုးခြင်းတောင်သူ ပညာပေးကွင်းသရုပ်ပြ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျောက်တလုံးကျေးရွာ ကွင်းအမှတ် (၈၂၈) ဘုရားကျောင်းကွင်း၌ ပြုလုပ် သည်။
Subscribe to မွန်ပြည်နယ်