မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၂၁၅၈၅၀၀၀၀) ကျပ် ထုတ်ပေးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၉)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၆)ရက်နေ့အထိ ကျေးရွာ(၈)ရွာမှ တောင်သူ(၂၂၀)ဦး၏ စိုက်ဧက(၁၄၃၉)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၂၁၅၈၅၀၀၀၀) ကျပ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ တက္ကသိုလ် (၁ဝ)မြို့နယ်ဆောင်အနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ကျိုက်မရောမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ကမ္ဘာပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်  ၂၀၂၅ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၅ ရက်နေ့နံနက် ၈ နာရီက ရေတွင်းကုန်း ကျေးရွာ အုပ်စုမဟာမြိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပခဲ့သည်။

ရေးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  ကျင်းပ

ဇွန် ၅ ရက်နေ့တွင်   ကျရောက်သည့်   ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့   အထိမ်းအမှတ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက မွန်ပြည် နယ်၊ ရေးမြို့နယ် သစ်တောဦးစီးဌာနမှ  ကြီးမှူး၍ အဏ္ဏဝါရပ်ကွက်၊  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးဝန်းတွင် စုပေါင်းစိုက်ပျိုးသည်။

ရေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု တာဝန်ရှိသူများလိုက်လံကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မွန်ပြည်နယ်၊ရေးခရိုင်၊ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ကျောင်းသူများ အေး ချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားနေပြီဖြစ်ကြောင်းသိရသည်။

ရေးမြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး လူငယ်ရေးရာအသိပညာပေး နှင့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဟောပြော

မွန်ပြည်နယ်၊   ရေးမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူး ပေါင်း၍   ဇွန်လ ၄ ရက်နေ့နံနက် ၁၀ နာရီတွင်   သီရိမာလာရပ်ကွက်၊    အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  လူငယ်ရေးရာ နှင့်ပလတ်စတစ်ညစ် ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်တို့ဖြင့်  အသိပညာပေး  ဟောပြောခဲ့သည်။

ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၂၀၂၅ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၅ ခုနှစ်(မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက် ၈နာရီတွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၃ ရက်နေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေး‌ပေးခဲ့‌ သည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလမိုးစပါးပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုဖိုး လိုအပ်ငွေ၏(၂၅%)ပေးအပ်ချီးမြှင့်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလ မိုးစပါးပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုဖိုးလိုအပ်ငွေ၏ (၂၅%) ပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ည‌နေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမြင့်၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြူကြူခိုင်နှင့် မိုးစပါးရေကြီးနစ်မြှုပ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးခဲ့သည့် ကျေးရွာ(၄)ရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၃၅၂၃၂၂) ဦး အပ်နှံပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ တက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်