တွန်းဇံမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ဆရာဝန်ကြီးဦးဆောင်မှုဖြင့် တွန်းဇံမြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ တွန်းဇံအထကကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။