ဟားခါးမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွား
ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်တွင် ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွားရာ ဟားခါးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွေးဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။