ဖလမ်းမြို့၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉၃၀ နာရီက ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဗဟိုသာသနာပြုကျောင်းတိုက်တွင် ကျင်းပသည်။