တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဝုန့်ဆွန်းထန်ရောက်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး (ခေတ္တ-ဟားခါး)၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် တီးတိန်မြို့သို့ရောက်ရှိပြီး နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အမှတ်(၂၆၉) ခြေလျင်တပ်ရင်း အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ကြောင်း သိရသည်။