တီးတိန်မြို့၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်များအား ပါဠိဘာသာဖြင့် ရွတ်ဖတ်ပူဇော်
ချင်းပြည်နယ်တီးတိန်ခရိုင်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းစေရေးအတွက် မြို့မထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတွင် ကျောင်းထိုင်ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တဝါသေဋ္ဌမှ ယနေ့နံနက် (၀၈၁၀)အချိန်မှ (၀၈၃၀)အချိန်ထိ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါးဂါထာတော်များအား ပါဠိဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကြောင်း သိရသည်။