တွန်းဇံမြို့၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
ချင်းပြည်နယ် တွန်းဇံမြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်၊ အထကကျောင်းခန်းမ၌ ပြုလုပ်သည်။