ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ ကျင်းပ
ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်သည်။