ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် ကျင်းပပြုလုပ်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်
အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်၊ အစိုးရစက်မျုလက်မှုသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီး နှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။