ချင်းပြည်နယ်

တွန်းဇံမြို့၌ အသွားအလာကန့်သတ်သူ အမျိုးသားတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ရန်ကုန်မြို့မှ တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာပြီး Community Based Facility Quarantine ဝင်ရောက်သူများကို Swab ရယူပြီး Rapid Test ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းလှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတွင် ကွန်ကရစ်လမ်း ပေ(၃၀၀)ခင်းခြင်း စတင် ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀-၂၀၂၀၁ ဘဏ္ဍာနှစ်တွင် တွန်းဇံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်း အိမ်ယာရှေ့ ကွန်ကရစ်လမ်း ပေ(၃၀၀)ခင်းခြင်း လုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁) ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာစစ်ဆေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ခိုင်ကမ်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့လျှပ်စစ်ဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk show ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေးဆိုင်ရာ မြို့အဆင့် ကော်မတီအစည်းအဝေးပြုလုပ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။

ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအား ငွေကြေးထောက်ပံ့ပေး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဖလမ်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

ဟားခါးမြို့နယ်လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေး

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄)ပေ၊သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရမ်ချွမ်းမန် နှင့် ဝန်ထမ်းများက ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ နှင့်အလှူငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ရက်နေ့ကဟားခါးမြို့၊မြို့နယ် စုပေါင်း ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငွေကျပ်သန်း ၁၀ နှင့် ၁၀၀ သန်းကြား ၊ သန်း ၁၀၀ အထက် တင်ဒါအောင်မြင်သည့် စာရင်းကြေညာ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ် ၁၀ သန်းနှင့် ၁၀၀ သန်းကြား၊ သန်း ၁၀၀ အထက်လုပ်ငန်းများ တင်ဒါ အောင်မြင်သည့်လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ယမန်နေ့က ကြေညာခဲ့သည်။
Subscribe to ချင်းပြည်နယ်