ကရင်ပြည်နယ်

မြဝတီမြို့၌  KG တန်း ကလေးငယ်များအား  တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး  ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို  ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌  မြို့နယ်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊  မြစန္ဒီ ပန်းခြံဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော် ကျင်းပ

ဘားအံတက္ကသိုလ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာ ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါနယ်မြေ၊ ပင်မဆောင်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ (၇၈) ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

ရှမ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုစရိုက်လက္ခာဏာများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ယနေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ (၇၈) ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စုရှိ မူ(လွန်)ငှက်ပျောတောကျောင်း၌ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုရှိ (မူလွန်) ငှက်‌ပျောတောကျောင်း၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲများပြသခြင်းကို ယနေ့နံနက်ပိုင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

ကော့ကရိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊‌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ်(၆) အခြေခံပညာမူလွန်ကျောင်းများသို့ ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

စိုက်ဧက(၂၀၀)ကျော်ကို အကျိုးပြုမည့် ကရင်ဖာလင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၀၇ ဒဿမ ၈၅၇ သန်းဖြင့် ရာမညအောင် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကရင်ဖာလင် ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်း မုခ်ဦး တည်နေရာ၌ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်သည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်