ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံဂီတနေ့အခမ်းအနားတက်ရောက်

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာနိုင်ငံဂီတနေ့ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်သည်။

ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့သည်။

မြဝတီမြို့ပေါ်ရှိ ဟိုတယ်များမှ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ လုပ်ငန်းလိုင်စင်ရယူထားသော မြဝတီမြို့ပေါ်ရှိ Grade One Hotel၊ Myawaddy Hotel၊ Hotel Yadanar စသည့် ဟိုတယ်အသီးသီးတို့မှလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ တာဝန်ခံများ၊ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် Grade One ဟိုတယ်နှင့် Myawaddy ဟိုတယ်တို့၌ ဆောင်ရွက်သည်။

မြဝတီမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ မြို့နယ်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်၁၁နာရီက ကျင်းပသည်။

ဘားအံမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲဆုချီးမြှင့်

ခရစ်ကက်အားကစားနည်းဖြင့် ပြည်နယ်နှင့်နိုင်ငံဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သော ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ် ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဘားအံမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၆ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။ ခရစ်ကက်ပြိုင်ပွဲ အမျိုးသမီးပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော တောင်ကလေးအခြေခံပညာ အထက်တန်းကျောင်းအသင်းနှင့် အမျိုးသားပွဲတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအသင်းတို့က တံခွန်စိုက် ဆုဖလားဆွတ်ခူးနိုင်ခဲ့သည်။

လှိုင်းဘွဲမြို့၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲကလှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်၌ ငါးလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့

ကရင်ပြည်နယ်အတွင်း နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာနယ်မြေ အလိုက် စီမံချက်များရေးဆွဲ၍ နေ့စဉ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန် ၂၆ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် (၃၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရသည်။

​ပိုင်ကျုံမြို့ အ-ထ-က ကျောင်း၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့်ဆိုးကျိုးများကို သိရှိစေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းက အ-ထ-က ပိုင်ကျုံကျောင်းတွင်(အခမဲ့) ဝေငှပေးခဲ့သည်။

ဘားအံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေး (MANA)အသင်းတို့ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ဘားအံခရိုင် Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်