ကရင်ပြည်နယ်

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ် မြောက်အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က  အ-မ-က နို့ထို့ခေးနှင့်ပိန္နဲကုန်းကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေအ‌အထောက်အကူပြုအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ကျင်းပသည်။

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း (မြိုင်ကြီးငူ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ် (၁၀) ၌ တက်ရောက်နေကြသည့် သင်တန်းသူများအား ယမန်နေ့နံနက် (၉) နာရီအချိန်က အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေပူကျေးရွာအုပ်စု၊  ထီးလင်းဝင်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ နောင်မြလွဲကျေးရွာအုပ်စု၊ ရေပူ - ထီးဖိုးကိန်-နောင်မြလွဲ ကျေးရွာချင်းဆက်လမ်း မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့တွင် စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅)ကို ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဖွင့်လှစ်သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၌၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀ ကျော် ငါးမျိုးစိုက်ထည့်ရန်လျာထား

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရှင်သန်ကြီးထွားရန်အကောင်းဆုံး အရွယ်ရှိသော ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀ ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုး စိုက်ထည့်ပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိရာ  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ဒေသခံပြည်သူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှိုက်ကမ္ဘာ ကျေးရွာအုပ်စု၊ ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ငါးမျိုးများစိုက်ထည့်ပေးသည်။

ပိုင်ကျုံမြို့ အ-မ-က ပညာပလီးကျောင်းများ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အ-မ-က ပညာပလီးကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြဝတီမြို့နယ်တွင် အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိ န်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၀နာရီက အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ ပြပွဲများ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်