ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲတက်ရောက်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးကျောင်း၏ ကြီးကြပ်မှုဖြင့် အရိယာရာမဘုရား လုံကျောင်းတိုက်တွင်ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။