လှိုင်းဘွဲမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်း
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)မှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချသည့် စက်ချုပ်နည်းပညာသင်တန်း(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ် ကြို့ချောင်းကျေးရွာ တောင်ပေါ ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။