ကရင်ပြည်နယ်

တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကျင်းပ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့အားရွေးကောက်တင်မြှောက်

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မတ် ၂၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစန်းကိုနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးမင်းထွေးတို့အား ရွေးချယ်တင်မြှောက်သည်။

လှိုင်းဘွဲမြို့၌ မီးခိုးမြူငွေ့ဖြစ်ပွားမှု ထိန်းချုပ်ရေးနှင့် လျှော့ချနိုင်ရေးအတွက် အသိပညာပေး ဟောပြော

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့တွင် မီးခိုးမြူငွေ့ဖြစ်ပွားမှုလျော့ချနိုင်ရေး၊ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်ကျွမ်းမှုဖြစ်စဥ်များ လျော့နည်းကျဆင်းပပျောက်စေရေးအတွက်  ဘားအံခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာန‎တို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က လှိုင်းဘွဲမြို့ ‎အောင်ဆန်းခန်းမ၌ ကျင်းပသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ် လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်အောင်၏ လကွယ်ည၏ အလင်းရောင်စာအုပ်အား ယမနေ့ နေ့လယ် (၁) နာရီက သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​​​​​​​လိပ်သိုဒေသတွင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော တံမြက်စည်းပင်များကို ချိုးယူ၍ တံမြက်စည်းချောများ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ယမန်နေ့နံနက်ပိုင်းက “မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး”အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ကရင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်ခံတိုင်းရင်းသားကိုယ်စားလှယ်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုသည် ရွေးချယ်ခံတိုင်းရင်းသားကိုယ်စားလှယ် (၃) ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဘားအံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ဘားအံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။

ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈:၀၀ နာရီက ရွှေဖားစည်အိမ်ရာ(၂) အခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်