ကရင်ပြည်နယ်

ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်

မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားအားပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ရာ ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ် မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာ နာယကချုပ်ဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း)၏ ၆၆ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာသို့ တက်ရောက်ဖူးမြော်ကြည်ညို

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၆)နှစ်မြောက် ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)၏ ၆၆ နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာသို့တက်ရောက်ဖူးမြော်ကြည်ညို

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၆)နှစ်မြောက်ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုသည်။

လှိုင်းဘွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်နှင့် လှိုင်းဘွဲချောင်းရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်းကျောင်းများ ခေတ္တယာယီပိတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်(၂)ကျောင်း၊ အခြေခံပညာမူလတန်း(၃)ကျောင်းတို့၏ကျောင်းဝင်းအတွင်းသို့ မြစ်ရေ၊ချောင်းရေများ ဝင်ရောက်မှုကြောင့် ဇူလိုင် (၁၃)ရက်မှစတင်၍   ယာယီပိတ်ထားလျက်ရှိကြောင်းသိရှိရသည်။

ဘားအံတက္ကသိုလ်(၂၃)နှစ်ပြည့်အထိမ်းအမှတ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သောအနာဂတ် သုတေသနစာတမ်းဖတ်

ဘားအံတက္ကသိုလ်၏ (၂၃)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်အတွက် သုတေသနအားမာန် စာတမ်းဖတ်ပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မြဝတီမြို့နယ်တွင်ပြည်ဝင်ခရီးသွားစစ်တမ်း -၂၀၂၆ ပထမအကြိမ် ကောက်ယူရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ထိုင်းမြန်မာချစ်ကြည်ရေး အမှတ်(၁)တံတား၌ ယနေ့နံနက် ၉နာရီက ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဥ်​ကျေးမှု​ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၆ ခုနှစ်အတွင်း ပြည်ဝင်ခရီးသွားဧည့်သည်များ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကိုသိရှိစေရန်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Survey- 2026) ပထမအကြိမ်ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။

ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တတ်ရောက်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်အဆင့် ပထမဆုရရှိအောင် ကြိုးပမ်းပေးခဲ့ကြသည့် မြို့နယ်၊ ကျောင်းနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း လယ်ယာမြေများ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက လှိုင်းဘွဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ဝါးခုတ်တောကျေးရွာ၊ တောင်သူဦးမောင်ဝင်း၏   သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ခင်း၌ ပိုက်ဆံလျှော်ပင်များကို ထယ်ထိုးမြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြဝတီခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကို  ယနေ့နံနက် ၉ နာရီတွင် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဖူးသစ်ကိုယ်ပိုင်အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မြဝတီမြို့ရှိ ပြည်သူများအား အခမဲ့ အထူးကုဆေးကုသမှု ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင်  ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်အခမဲ့အထူးကုသကွင်းဆင်းခြင်းကို ဇူလိုင် (၁၁)ရက် နံနက် ၈ နာရီက အမှတ် (၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း(ရေပူ)တွင် ကွင်းဆင်းကုသခဲ့ရာ ခုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်၊ လက်ထောက် ဆရာဝန်၊ သူနာပြုဆရာမကြီးများ၊ သူနာပြုများက ရပ်ကွက်နေပြည်သူများကို  အခမဲ့ဆေးကုသပေးသည်။
Subscribe to ကရင်ပြည်နယ်