လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက်(၆)နာရီအချိန်၌ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်၊ ကျေးရွာများအလိုက် အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။