အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေတောင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 09,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပသည်။
Jun 09,2026
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ဇူလိုင် (၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Jun 09,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မော်လိုက်ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ Grade-12 တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူများကို စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြသည်။
Jun 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန် ၈ ရက်  နံနက် ၉ နာရီက ကျင်းပသည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် အင်းယားလမ်း (တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းမီးပွိုင့်အနီး) ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှ လုံးပတ်(၂)ပေ အရှည်‌(၃၅)ပေခန့်ရှိ မဒမပင် လဲကျရာမှ လမ်းတစ်ဖက်ခြမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။