Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအား စားသုံးဆီများစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် (၇) နာရီအချိန်က မြို့မစျေးအပြင်ဘက်ရှိ စိန်ရတနာဆီဆိုင်(၂)ဆိုင်နှင့် ဦးလှသော်ဆီဆိုင်များ၌ ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Aug 21,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က လယ်ပြင်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်
Aug 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 21,2024
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကျင်းပပေးခြင်းနှင့် စာအုပ်များငှားရမ်းပေးခြင်းစသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားသည့်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေပြန်လည်ကျဆင်းလာသောကြောင့် စာသင်ကျောင်းများ စိစစ်ဖွင့်လှစ်ပေးလျက်ရှိပြီး၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်းများဖြစ်သည့် ကျွန်းပင်ကျေးရွာနှင့် မွန်းလွဲ (၂) နာရီတွင် ညောင်လမ်းကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားသို့ တက်ရ…
Aug 21,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့ အ-ထ-က (၁) ရွှေရတုခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စီးပွားရှင်များနှင့် ပြည်သူများက တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7381
Page
7382
Page
7383
Page
7384
Current page
7385
Page
7386
Page
7387
Page
7388
Page
7389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department