Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောင်းမြမြို့၌ ခရိုင်အဆင့် (၂၅) ကြိမ်မြောက် (ငွေရတု) မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားက…
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်အဆင့် (၂၅) ကြိမ်မြောက် (ငွေရတု) မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆ…
Aug 28,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ဖွင့်လှစ်ထားရှိမှု၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင်ပရိယတ္တိစာသင်တိုက်တို့၌ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား မော်လမြိုင်လေဆိပ်တွင် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေ…
Aug 28,2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပနိုင်ငံဖြတ်ကျော် ဝင်ထွက်ပါက်များအပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်လေဆိပ်တွင် ပြည်သူ့ကျန်းမားရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပက်သက်၍ ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်တွင်း၊ ပြည်ပ ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါနှင့် ပက်သက်၍ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Aug 28,2024
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Mpox(မျောက်ကျောက်)ရောဂါနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ KS HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးကျေးရွာတွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးကျေးရွာတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား/ကျောင်းသူများ တစ်ဦးချင်းစီ ကျန်းမာရေး ကောင်းမွန်မှု ရှိစေရန်အတွက် တောင်ကလေးတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ မိုးစပါးလျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး
Aug 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆန်ရိက္ခာဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း မိုးစပါး လျာထားဧက (၉၅၉၅) စိုက်ပျိုးရန်လျာထားပြီး ယနေတွင်လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းမ…
Aug 28,2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (တောင်ငူ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ဦးတင်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ အခြေခံစာရင်းအင်းပညာနှင့် စံကွက်ရိတ်သိမ်းခြင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 28,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတိုက်ကြီးမြို့၌ အခြေခံစာရင်းအင်းပညာနှင့် စံကွက်ရိတ်သိမ်းခြင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7252
Page
7253
Page
7254
Page
7255
Current page
7256
Page
7257
Page
7258
Page
7259
Page
7260
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department