Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့တွင် လူဦးရေစာရင်း မှန်ကန်စေရေး ပြောင်းလဲမှုအား စိစစ်ခြင်းနှင့် ပန်းခင်း(၃) လျာထားချက်ကိန်းဂဏန်းများ ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစ…
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မှန်ကန်စွာ ရရှိစေရေးအတွက် ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းက လူဦးရေစာရင်း မှန်ကန်စေရေး ပြောင်းလဲမှုအား စိစစ်ခြင်းနှင့် ပန်းခင်း(၃) လျာထားချက် ကိန်းဂဏန်းများ ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့အောင်ဆန်းရပ်ကွက်တွင် လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန် ရောင်းဝယ်ရေးက အခြေခံလူတန်းစားများအား ဆန်၊ ဆီနှင့် ခေါင်းလျှော်ရည်များလှူဒါန်း…
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဦးသက်ချိုဦး ဇနီးဒေါ်ခင်မူယာမြင့်တို့က အခြေခံလူတန်းစားများအား ယနေ့နံနက်ပိုင်းက ဆန်၊ ဆီ နှင့် သဘာဝခေါင်းလျှော်ရည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ထောက်ပံ့လှူဒါန်းပေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု (၈၀) အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂)ပြည်၊ နှမ်းဆီစစ်စစ်(၅၀)ကျပ်သားနှင့် လင်းလက်သဘာဝ ခေါင်းလျှော်ရည် (၁) ဘူးတို့အား ထောက်ပံလှူဒါန်းပေးခဲ့ပြီး မိမိလုပ်ငန်းတွင် ပံ့ပိုးကူညီသူ ဝန်ထမ်းတို့အား ဆန်(၂)ပြည်၊ နှမ်းဆီ စစ်စစ်(၅၀)ကျပ်သား၊ လင်းလက်သဘာဝခေါင်းလျှော်ရည်(၁)ဘူးနှင့် ငွေ(၅၀၀၀)ကျပ် ထောက်ပံ့လှူဒါန်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ မျောက်ကျောက်ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်စံအောင်ဈေးအတွင်း၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ မျောက်ကျောက်ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲတက်ရောက်
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ်တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့်ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် (၈) နာရီက မကွေးမြို့ မြင်းကင်းဆိပ်ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ပလပ်စတစ်အမှိုက်များ စွန့်ပစ်မှုမရှိစေရေး ဗီနိုင်းပိုစတာဖြင့် ပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပလပ်စတစ်အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ ပလပ်စတစ်ကင်းစင်စေရေး ဗီနိုင်းပိုစတာကပ်၍ ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထောက်ရှာပင်ဆိပ်ကမ်းရှိ သင်္ဘောများပေါ်နှင့် မြစ်ကမ်းနားတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့သစ်မြို့၊ စျေးရပ်ကွက်၊ အခြခံညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ဆန်စက်လုပ်ငန်းများအား ကြည့…
Aug 28,2024
နေပြည်တော်စားသုံးသူရေးရာကော်မတီ(၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နေပြည်တော်ကောင်စီစားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားရေရိက္ခ…
Aug 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7201
Page
7202
Page
7203
Page
7204
Current page
7205
Page
7206
Page
7207
Page
7208
Page
7209
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department